မန်းရွှေမြို့တော်တိမ်မှောက် တစ်ဦးသေဆုံး၊ ၃၅ဦး ထိခိုက်ဒဏ်ရာရ
about 3 hours ago
9.10.2017 (3:30 Am)
ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၃ နာရီခွဲ ခန့် က ရန်ကုန် - မန္တလေးအမြန်လမ်းမိုင်တိုင် ၁၅၆ တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံမော်တော်ယာဉ်တစ်စီး ယာဉ်မတော်တဆမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ ၃၅ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါသည်။
........................
နျူကလီးယားလက်နက်ဟာ အဖိုးတန်ဓါးတလက်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော
about 4 hours ago
![]() |
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un |
မြောက်ကိုရီယား ခေါင်းဆောင် Kim က နိုင်ငံရဲ့ သြဇာကတိက ကြီးမားတဲ့ အလုပ်သမားပါတီ ဗဟိုကော်မတီကို စနေနေ့က ပြောဆိုရာမှာ နျူကလီးယားလက်နက်တွေဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့စေဖို့အတွက်နဲ့ သူ့ရဲ့ အဆိုအရ အမေရိကန်နယ်ချဲ့တွေရဲ့ ကာလရှည်ကြာ နျူကလီးယား ခြိမ်းခြောက်နေမှုတွေကို ဟန့်တားဖို့မှာ အားကောင်းတဲ့ အဟန့်အတား ဖြစ်တယ်လို့ ပြောဆိုကြောင်း နိုင်ငံပိုင် မီဒီယာမှာ ဖေါ်ပြထားပါတယ်။
Comments
Post a Comment